ဘရာဇီးလက်ရွေးစင် အန်တိုနီကို ယူရိုသန်း ၁၀၀ဖြင့် မန်ယူအသင်း ခေါ်မည်

မန်ယူအသင်းဟာ အိုင်းယက်တောင်ပံတိုက်စစ်မှူး အန်တိုနီကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးယူရို သန်း၁၀၀ နဲ့ သဘောတူညီမှု ရရှိသွားပါတယ်။မန်ယူအသင်းဟာ ဘရာဇီးလက်ရွေးစင် အန်တိုနီအတွက် ကနဦးမှာ ပေါင် ၇၆ သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ် ကမ်းလှမ်းချက်အဖြစ် ပေါင် ၈၄ သန်း (ယူရိုသန်း၁၀၀)နဲ့ ကမ်းလှမ်းချက်ကိုတော့ အိုင်းယက်ဘက်က လက်ခံခဲ့တာပါ။အသက် ၂၂ နှစ်ရှိ ဘရာဇီးတိုက်စစ်ကစားသမားဟာ ၂၄ နာရီအတွင်းမှာ မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူမှာဖြစ်ပြီး ၅ နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

သူဟာ ဘရာဇီးကလပ် ဆာအိုပေါ်လိုက နေပြောင်းရွှေ့လာသူဖြစ်ပြီး အိုင်ယက်အသင်းအတွက် စုစုပေါင်း ၈၂ ပွဲမှာ ၂၅ ဂိုးသွင်းခဲ့ပါတယ်။ဘရာဇီးလက်ရွေးစင်အတွက်တော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကစတင် ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ၉ ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။