လေထု စိုထိုင်းမှု ကနေ လျှပ်စစ် ထုတ်လုပ်နိုင်ပြီ

National University of Singapore’s (NUS) College of Design and Engineering (CDE) မှ သုတေသန ပညာရှင်တွေက လေထု စိုထိုင်းမှုကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ (MEG) Device ၁ ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ Device ကို ၀.၃ မီလီမီတာ အထူရှိတဲ့ ချည်သား၊ ပင်လယ်ဆားငန်ရေ၊ ကာဘွန်မှင်၊ ရေစုပ်ယူတဲ့ Gel တို့နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

MEG Device တွေဟာ ကျန်းမာရေး စောင့်ကြည့်တဲ့ ကိရိယာ၊ အီလက်ထရောနစ် အရေပြား ဆန်ဆာနဲ့ သတင်းအချက်အလက် သိမ်းဆည်းတဲ့ ကိရိယာတွေလို Wearable အီလက်ထရောနစ် ကိရိယာတွေအတွက် အသုံးဝင်ပါတယ်။

NUS ရဲ့ အဖွဲ့ခေါင်းဆောင် လက်ထောက် ပါမောက္ခ Tan Swee Ching က “ ကျွန်တော်တို့ရဲ့ MEG Device တည်ဆောက်ပုံဟာ ထူးခြားပြီး အရင်က MEG နည်းပညာတွေထက် ပိုမို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ MEG Device ဟာ ကျန်းမာရေး စောင့်ကြည့်တဲ့ ကိရိယာ၊ Wearable အီလက်ထရောနစ် ကိရိယာတွေလို အီလက်ထရောနစ် ကိရိယာတွေအတွက် လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။ NUS ရဲ့ MEG Device ဟာ အလွန် ကွေးညွှတ်နိုင်ပြီး လိမ်ချိုးတာ၊ လိပ်တာတို့ကို ခံနိုင်ပါတယ်။

NUS က သူတို့ရဲ့ MEG Device ဟာ နာရီ ၁ လုံးလို သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာတွေကို လုံလောက်စွာ စွမ်းအင် ပေးနိုင်တဲ့ 1.96V ကို ထုတ်လုပ်ပေးနိုင်တယ်ဆိုတာကို ဓါတ်ခွဲခန်းမှာ သက်သေပြနိုင်ခဲ့ပါတယ်။

Ref : inceptivemind