ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဩဂုတ် ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၌ ထူးချွန်စွာအောင် မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ – ၂၀၂၃ ပညသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၁၉-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဦးစီးရုံးအဖွဲဝင်များ၏ သားသမီးများ၊ အကြမ်းဖက်ရှောင်မိသားစုများ၏ သားသမီးများနှင့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းမှ တက္ကသိုလ်အထိ ပညာသင်ကြားလျက်ရှိသော ဦးစီးရုံးအဖွဲ့ဝင်များ၏ သားသမီးများ၊ အကြမ်းဖက်ရှောင်မိသားစုများ၏ သားသမီးများအတွက် ပညာသင် ထောက်ပံ့ကြေးများကို ပါတီတာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။