ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဩဂုတ် ၁၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၌ ထူးချွန်စွာအောင် မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ – ၂၀၂၃ ပညသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၁၉-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်မြို့နယ်၊ ပြည်ခိုင်ဖြိုး ကျောင်းသန့်ရှင်းရေးပူးပေါင်းလုပ်အားပေး

၂၀၂၂ မေ ၂၈၊ ပြည်မြို့နယ်

ပြည်မြို့နယ် ၊ဇရစ်ချောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်းရှိခြုံနွယ်များအမှိူက်များအားကျေးရွာပြည်သူများနှင့်အတူ ပြည်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်
များ ကျေးရွာပါတီဝင်များကပူးပေါင်းကူညီ
ဆောင်ရွက်ပြီးအဟာရဒါနပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥတ္တရသီရိမြို့နယ်နှင့်ရပ်/ကျေးကော်မတီတွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိ မြို့နယ်နှင့် ရပ်/ကျေးပါတီကော် မတီဝင်များ လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု နယ်မြေပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ပါတီခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဥတ္တရသီရိမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းလွင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည် နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်သည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု စုပုံရွာ တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စုပုံရွာမှ လူဦးရေ ရာခိုင်နှုန်း ၉ဝ ခန့် ပါတီဝင်ရောက်လာပြီး ပါတီဝင်အင်အား ၉၂ ဦး ရှိကြောင်း သိရသည်။