တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုငွေချီးမြှင့်

ဆီဆိုင် ဩဂုတ် ၁၉

ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အရံကော်မတီဝင် ဒေါ်လေးလေးငယ်၏ သား ဖြစ်သူ စိုင်းထွဋ်ထွဋ် သည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအား ဂုဏ်ထူး(၂)ဘာသာဖြင့် အောင်မြင်ခဲ့သဖြင့် မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့က ဂုဏ်ပြုငွေ (၈၀၀၀၀)ကျပ် ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့ပါသည်။