မြောက်ကိုရီယားက ခရုဇ်ဒုံးကျည် ၂ စင်း ပစ်လွှတ်

People watch a television screen showing a news broadcast with file footage of a North Korean missile test, at a railway station in Seoul on January 25, 2022, after North Korea fired two suspected cruise missiles according to the South’s military. (Photo by Jung Yeon-je / AFP)

မြောက်ကိုရီးယားဟာ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ အနောက်ဘက်ကမ်းလွန်ပင်လယ်ဆီကို ခရုဇ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် ယုံဟပ်သတင်းမှာ ဖော်ပြပါတယ်။ ဩဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမယ့် Freedom Shield စစ်ရေးလေ့ကျင့်မှုအတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်မှုအတွက် အစမ်းလေ့ကျင့်မှုလို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။