မိုင် ၄၂၀၀ ကျော် အထိရောက်တဲ့ တိုက်ချင်းပစ်ဒုံးပျံ အမေရိကန် ပစ်လွှတ်

လက်နက်ထိပ်ဖူးမတပ်ထားတဲ့ မိနစ်လူသား ၃  အမည်ရ တိုက်ချင်းပစ်ဒုံးပျံကို ပုံမှန်အတိုင်း စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ မိုင်ပေါင်း ၄၂၀၀ အထိ ရောက်ရှိခဲ့တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။ အင်္ဂါနေ့ မနက် အစောပိုင်းက ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသ ဗန်ဒန်ဘာ့လ် အကာသ တပ်ဖွဲ့ အခြေစိုက်စခန်းကနေ ပစ်ခတ်လွှတ်ခဲ့တဲ့ အဲ့ဒီဒုံးပျံဟာ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး  မာရှယ်ကျွန်းစု ကွာဂျာလိန်း အထိ မိုင် ၄၂၀၀ ကျော် ရောက်ရှိခဲ့တယ်လို့  အမေရိကန်လေတပ်ကပြောပါတယ်။

ဒီစမ်းသပ်မှုက ဒုံးပျံစနစ်ရဲ့ ယုံကြည်စိတ်ချရမှု ၊ တိကျမှန်ကန်မှုကို စစ်ဆေးအတည်ပြုပေးခဲ့တယ်လို့ ဗန်ဒန်ဘာ့ခ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလက်နက်စနစ်တွေဟာ အရင်ကတည်းက စီစဉ်ထားတဲ့ အတိုင်း စမ်းသပ်ပစ်လွှတ်မှုလုပ်တာဖြစ်ပြီး ကမ္ဘာ့အရေးအခင်းတစ်ခုခုကို ရည်ရွယ်တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ လည်း  အဲဒီ ဗန်ဒန်ဘာ့ခ် အာကာသတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။