ေတာင္ကိုရီးယားနိုင္ငံသည္ ၎တို႔စစ္တပ္ တည္ေထာင္ျခင္း ၇၅ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေန႔အထိမ္းအမွတ္ခ်ီတတ္လမ္းေလၽွာက္ပြဲႀကီးကို က်င္းပျပဳလုပ္ခဲ့ၾကၿပီ ေတာင္ကိုရီးယား လုပ္ငန္းစုႀကီးမ်ားက ထုတ္လုပ္ထားသည့္ စစ္လက္နက္ အမ်ားအျပား ပါဝင္ျပသခဲ့

ေတာင္ကိုရီးယားနိုင္ငံက ၎တို႔နိုင္ငံ၏ စစ္တပ္ တည္ေထာင္ျခင္း ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေန႔ အထိမ္းအမွတ္အျဖစ္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ရက္ အဂၤါေန႔က ေတာင္ကိုရီးယားနိုင္ငံ ဆိုးလ္ၿမိဳ႕ႀကီး၏ လမ္းမမ်ားေပၚတြင္ ေတာင္ကိုးရီးယား လက္နက္ကိုင္ တပ္ဖြဲ႕ဝင္ ခ်ီတက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။
ထို႔ေနာက္ ခ်ီတက္လာသည့္ တပ္ဖြဲ႕ဝင္မ်ားသည္ ကုန္းေရႏွစ္သြယ္ ေခ်မႈန္းေရး ယာဥ္မ်ား ႏွင့္ K1A2 အမ်ိဳးအစား တင့္ကားမ်ား အပါအဝင္ စစ္လက္နက္ အႀကီးစား ၁၇၀ေက်ာ္ ႏွင့္အတူ အရွည္ ၁ ခြဲ မိုင္ခန႔္ အရွည္ရွိေသာ ဂုဏ္ျပဳ စစ္ေၾကာင္းႀကီး သည္ လမ္းတစ္ဖက္ တစ္ခ်က္စီတြင္ တန္းစီလမ္းေလၽွာက္ ခ်ီတတ္ဂုဏ္ျပဳခဲ့ၾကပါတယ္။
အဆိုပါ ၇၅ႏွစ္ေျမာက္ ေတာင္ကိုရီးယား စစ္တပ္ တည္ေထာင္ျခင္းေန႔တြင္ ေတာင္ကိုရီးယားသမၼတ Yoon Suk Yeol က ၎တို႔၏အစိုးရသည္ နိုင္ငံ၏ ကာကြယ္ေရး လုပ္ငန္းမ်ားကို ႏွစ္ဆတိုးလုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ထို႔အျပင္ ေတာင္ကိုရီးယား သမၼတက ေျမာက္ကိုရီယားတို႔ အေနျဖင့္ န်ဴကလီးယား လက္နက္မ်ားထပ္မံလႊတ္တင္ျခင္းမ်ားျပဳလုပ္ပါက ျပင္းထန္ေသာတုံ႔ျပန္မႈျဖင့္ အဆုံးသတ္သြားရ မည္ျဖစ္ေၾကာင္း ထပ္ေလာင္း သတိေပးေျပာ ၾကားခဲ့ပါတယ္လို႔ သတင္းဌာနမ်ား ကေဖာ္ၿပ ေျပာဆိုခဲ့ၾကပါတယ္။
ေတာင္ကိုရီးယား နိုင္ငံ၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ား တည္ေထာင္ျခင္း ၇၅ ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ရက္ အဂၤါေန႔က ဆိုးလ္ၿမိဳ႕တြင္ ႀကီးမားေသာ စစ္ေရးျပခ်ီတက္ပြဲကို က်င္းပခဲ့ၿပီး ပင္မတိုက္ပြဲဝင္တင့္ကားမ်ား၊ ကုန္းေရႏွစ္သြယ္ ေခ်မႈန္းေရးယာဥ္မ်ား၊ ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားႏွင့္ ေလေၾကာင္း ရန္ကာကြယ္ ေရးစနစ္မ်ား အပါအဝင္ ဆိုးလ္ၿမိဳ႕၏ လမ္းမမ်ားေပၚတြင္ တပ္ဖြဲ႕ဝင္ ၆၀၀၀ ေက်ာ္ ခန႔္ႏွင့္ စစ္လက္နက္ပစၥည္း ၂၀၀ ခန႔္ နီးပါး ခ်ီတက္ကာ အဆိုပါ စစ္လက္နက္ အမ်ားအျပား ကို ေတာင္ကိုးရီးယား လုပ္ငန္းစုႀကီးမ်ားက ထုတ္လုပ္ခဲ့တာ လည္းျဖစ္ပါတယ္လို႔ သတင္းဌာနမ်ားက ထပ္ေလာင္း ေျပာၾကားခဲ့ၾကပါတယ္။

=========================

တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့စစ်တပ် တည်ထောင်ခြင်း ၇၅နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ်ချီတတ်လမ်းလျှောက်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပြီ တောင်ကိုရီးယား လုပ်ငန်းစုကြီးများက ထုတ်လုပ်ထားသည့် စစ်လက်နက် အများအပြား ပါဝင်ပြသခဲ့

တောင်ကိုရီးယားနိုင်ငံက ၎င်းတို့နိုင်ငံ၏ စစ်တပ် တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကြီး၏ လမ်းမများပေါ်တွင် တောင်ကိုးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင် ချီတက် ဂုဏ်ပြုခဲ့ကြပါတယ်။
ထို့နောက် ချီတက်လာသည့် တပ်ဖွဲ့ဝင်များသည် ကုန်းရေနှစ်သွယ် ချေမှုန်းရေး ယာဉ်များ နှင့် K1A2 အမျိုးအစား တင့်ကားများ အပါအဝင် စစ်လက်နက် အကြီးစား ၁၇၀ကျော် နှင့်အတူ အရှည် ၁ ခွဲ မိုင်ခန့် အရှည်ရှိသော ဂုဏ်ပြု စစ်ကြောင်းကြီး သည် လမ်းတစ်ဖက် တစ်ချက်စီတွင် တန်းစီလမ်းလျှောက် ချီတတ်ဂုဏ်ပြုခဲ့ကြပါတယ်။
အဆိုပါ ၇၅နှစ်မြောက် တောင်ကိုရီးယား စစ်တပ် တည်ထောင်ခြင်းနေ့တွင် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ၎င်းတို့၏အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေး လုပ်ငန်းများကို နှစ်ဆတိုးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် တောင်ကိုရီးယား သမ္မတက မြောက်ကိုရီယားတို့ အနေဖြင့် နျူကလီးယား လက်နက်များထပ်မံလွှတ်တင်ခြင်းများပြုလုပ်ပါက ပြင်းထန်သောတုံ့ပြန်မှုဖြင့် အဆုံးသတ်သွားရ မည်ဖြစ်ကြောင်း ထပ်လောင်း သတိပေးပြော ကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယား နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့က ဆိုးလ်မြို့တွင် ကြီးမားသော စစ်ရေးပြချီတက်ပွဲကို ကျင်းပခဲ့ပြီး ပင်မတိုက်ပွဲဝင်တင့်ကားများ၊ ကုန်းရေနှစ်သွယ် ချေမှုန်းရေးယာဉ်များ၊ ဒရုန်းများ၊ ဒုံးကျည်များနှင့် လေကြောင်း ရန်ကာကွယ် ရေးစနစ်များ အပါအဝင် ဆိုးလ်မြို့၏ လမ်းမများပေါ်တွင် တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ခန့်နှင့် စစ်လက်နက်ပစ္စည်း ၂၀၀ ခန့် နီးပါး ချီတက်ကာ အဆိုပါ စစ်လက်နက် အများအပြား ကို တောင်ကိုးရီးယား လုပ်ငန်းစုကြီးများက ထုတ်လုပ်ခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ထပ်လောင်း ပြောကြားခဲ့ကြပါတယ်။