ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့ရောင်းချမည်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ပြည်တွင် ဆန်ဈေးကွက်ထဲမှာတော့ ဆန်ဖူလုံမှုရှိနေပြီး ပြည်ပကို လစဉ် ဆန်တန်ချိန် နှစ်သိန်းလောက်တင်ပို့နေတာရှိတယ်လို့လည်း ဆိုပါတယ်။

ဆန်ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဒေါ်လာငွေလဲနှုန်း (၁၈၅၀) ကျပ် သတ်မှတ်ထားတဲ့အပေါ် တွက်ခြေကိုက်မှု မရှိတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြထားတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။ မြန်မာ နိုင်ငံကနေ ဆန်တင်ပို့မှု အများဆုံးကတော့ တရုတ်၊ အာဆီယံ၊ ဥရောပနဲ့ အာဖရိကနိုင်ငံတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာတော့ နွေစပါး နဲ့ မိုးစပါးကနေ စပါးတန်ချိန် (၂၇) သန်းကျော် ထွက်ရှိပြီး ပြည်ပကို နှစ်စဉ် ဆန် နဲ့ ဆန်ကွဲ တန်ချိန် နှစ်သန်းကျော်ကနေ သုံးသန်းကျော်အထိ တင်ပို့နေတာ ဖြစ်တယ်လို့  သိရပါတယ်။  onenews