ထိုင်းထွက်ကုန်များ ပြပွဲလေးရက်ကြာ ပြုလုပ်မည်

ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖြစ် ထိုင်းကုန်ပစ္စည်းများပြပွဲနှင့် ထိုင်းစီးပွားရေးပညာရှင်များ လာရောက် ဆွေးနွေးပို့ချမည့် Top Thai Brands 2017 ပွဲတော် ကို ပြုလုပ်မည်ဖြစ်သည်။

Top Thai Brands ကုန် စည်ပြပွဲတွင် ထိုင်းကုမ္ပဏီ ၁၁၃ ခုက ပြခန်း ၁၃၀ ဖြင့် ဖွင့်လှစ်ပြသမည်ဖြစ်ပြီး မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိ Melia Yangon Hotel ၌ ပြုလုပ်မည် ဖြစ်သည်။

‘‘ထိပ်တန်းထိုင်းကုန်ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချပေးထားမှာဖြစ်လို့ လာရောက်သူတိုင်း စိတ် ကြိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပညာရှင်များကိုယ်တိုင် လာရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေ လာရောက်တွေYဆုံ ဆွေးနွေးနိုင်ပါတယ်’’ ဟု ထိုင်းသံရုံး (DITP) မှ Minister Counsellor(Commercial)  Mr.Pakainay Leng-EE က ပြောသည်။

ပြပွဲတွင် ထိုင်းကုမ္ပဏီများ မှ ကျန်းမာရေးနှင့် အလှအပရေးရာ၊ ပညာရေး၊ အထည်အလိပ်နှင့် ဖက်ရှင် ပစ္စည်းများ၊ အစားအသောက်နှင့် အဖျော်ယမကာ၊ ကားပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စာရေး ကိရိယာနှင့် ၀န်ဆောင်မှုလုပ်ငန်း ဆိုင်ရာများကို ခင်းကျင်းပြသမည်ဖြစ်သည်။

ထိုင်းနိုင်ငံ စက်မှုလုပ်ငန်း ဖက်ဒရေးရှင်း၊ ထိုင်းနိုင်ငံသယ်ယူ ပို့ဆောင်ရေးကောင်စီနှင့် စီးပွားရေး လုပ်ငန်း ရှင်များအသင်းက လာရောက်ပြသမည်ဖြစ်၍ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ သရုပ်ပြဟင်းချက်ပွဲများ၊ မိတ်ကပ်အလှပြုပြင်ခြင်းများ၊ ထိုင်းရိုးရာ အနှိပ်ပညာပြသခြင်းနှင့် ထိုင်းလက်ဝှေ့ပွဲတို့ကို ကြည့်ရှုရမည်ဟု သိရသည်။

# 7 Day Daily