လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် ၏ နောက်ဆုံးအတန်းဖြစ်သည့် Grade-12 ကို ဖွင့်လှစ် သင်ကြားသွားမည်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက နေပြည်တော်၌ ပြုလုပ်သည့် မြို့နယ် ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “လာမယ့် ပညာသင်နှစ်မှာ KG+12 ပညာရေးစနစ်ရဲ့ နောက်ဆုံးအတန်းဖြစ်တဲ့ Grade-12 ကိုဖွင့်လှစ် သင်ကြားတော့မှာဖြစ်လို့ စာသင်ခန်းလိုအပ်ချက်နဲ့ တခြားလိုအပ်ချက်တွေကို တွက်ချက်ပြီး စာရင်းပြုစု တင်ပြပေးရပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေ ကပြောသည်။ ထို့ပြင် ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ကာ ယင်း ကျောင်းများတွင် KG+12 ပညာ ရေးစနစ်အား သင်ကြားမည်ဖြစ်သော်လည်း  Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊စက်မှုစသဖြင့် ဝါသနာပါရာအားအထူးပြု တက်ရောက်သင်ကြားနိုင်မည်ဟု ပြောသည်။

ပညာရေးကဏ္ဍ အကောင်အထည်ဖော်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးသည်ဟု ပြောသည်။ “လုပ်ငန်းတိုင်းမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှုကောင်း မွန်မှသာ ပညာရေးလုပ်ငန်း တွေအောင်မြင်မှာ ဖြစ်ပါတယ် ဒါ့ကြောင့် ပညာရေးမှာတာဝန်ယူရတဲ့ ဆရာကြီး၊ဆရာမကြီးတွေအနေနဲ့ ပညာရေးဥပ ဒေနဲ့မူဝါဒတွေကို သိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေကပြော သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဒု-ဝန်ကြီးဦးဇော်ဝင်း၊အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှူး(၁၂၈)ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၇)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ source:popularnews