တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး  အောက်တိုဘာ ( ၂၇ )

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်အတွင်းရှိ မြို့နယ်များတွင် လူငယ်ရေးရာကဏ္ဍရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များက ဆက်လက်ဆောင်ရွက်ရမည့်လူငယ်ရေးရာကဏ္ဍလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့်ခရိုင်ဥက္ကဌများ၊ ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ် လူငယ်တာဝန်ခံများက မြို့နယ်အလိုက် ဆောင်ရွက်မည့်လူငယ်ရေးရာကဏ္ဍရှေ့လုပ်ငန်းစဉ်များအား တင်ပြခဲ့ပြီး (၁၂)နာရီအချိန်တွင် အစည်းအဝေးကျင်းပပြီးစီးခဲ့ပါသည်။

ယနေ့ကျင်းပသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ အောင်မြေသာစံခရိုင်၊ မဟာအေင်မြေခရိုင်၊ အမရပူရခရိုင်တို့မှဥက္ကဌနှင့် ကော်မတီဝင်များ၊ အဆိုပါခရိုင်များ အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။