အရေးပေါ်ကာလကို ဩဂုတ် ၁၄ ရက်အထိ သီရိလင်္ကာအစိုးရ တိုးမြှင့်ကြေညာ

လူထုအုံကြွမှုကြောင့် ယခုလ ၁၃ ရက်နေ့ကတည်းက ကြေညာခဲ့တဲ့ နိုင်ငံတော်အရေးပေါ်ကာလ သတ်မှတ်ချက်ကို ဩဂုတ်၁၄ရက်အထိ တိုးမြှင့်လိုက်ကြောင်း သီရိလင်္ကာလွှတ်တော်က အတည်ပြုကြေညာခဲ့ပါတယ်။

အကြီးမားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် ကာလတိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ သဘောထားကွဲလွဲခဲ့ကြတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၆၃ မဲနဲ့ ထုတ်ပြန်ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ခန့်အပ်ခြင်းခံထားရတဲ့ ဝန်ကြီးချုပ်သစ် ဂူနာဝါဒီနာက ဆန္ဒပြပြည်သူတွေရဲ့ ဒီမိုကရေစီနည်းက ျတောင်းဆိုမှုကို လက်ခံစဉ်းစားပေးမှာဖြစ်ပြီး အကြမ်းဖက်ဆန္ဒပြသူတွေကိုတော့ ဖမ်းဆီးနှိမ်နင်းသွားမယ်လို့ ကြေညာထားပါတယ်။ ဆန္ဒပြပြည်သူတွေဟာ အစိုးရအာဏာပိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်အမတ် ၇၀ ကျော်ရဲ့ နေအိမ်တွေ မီးရှို့ခံခဲ့ရကြောင်း သိရပါတယ်။

-Ref:Reuters