အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများအတွက် နျူလက်နက်များ အဆင်သင့်ရှိကြောင်း ကင်ဂျုံအန်ဆို

အမေရိကန်နိုင်ငံနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများအတွက် နိုင်ငံအနေဖြင့် အပြည့်အ၀အဆင်သင့်ရှိကြောင်း၊ ယင်းအတွက် နျူလက်နက်များနှင့် တပ်ဖွဲ့များသည်လည်း အဆင်သင့်ပင်ဖြစ်ကြောင်း ကိုရီးယားစစ်ပွဲနှစ်ပတ်လည် အခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကပြောကြားသည်။မြောက်ကိုရီးယားအနေဖြင့် ၇ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှုပြုလုပ်ရန်ပြင်ဆင်နေမည်ကို စိုးရိမ်နေကြသည့် ကြားတွင် ကင်ဂျုံအန်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားတို့အနေဖြင့် ယင်းစမ်းသပ်မှုကို အချိန်မရွေးပြုလုပ်နိုင်ကြောင်း အမေရိကန်က ပြီးခဲ့သည့် လအတွင်းက သတိပေးခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံး နျူလက်နက်စမ်းသပ်မှုသည် ၂၀၁၇ ခုနှစ်ကဖြစ်သည်။ယခုနှစ်အတွင်းတွင် မြေက်ကိုရီးယားနိုင်ငံသည် ဒုံးပျံ ၃၁ စင်းကို စံချိန်တင်ပစ်လွှတ်စမ်းသပ်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်က အများဆုံးပစ်လွှတ်စမ်းသပ်ခဲ့သည့် ၂၅ စင်းကို ကျော်လွန်သွားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Sung Kim ကပြောသည်။ ယင်း ပစ်လွှတ်စမ်းသပ်မှုများကို တောင်ကိုရီးယားက ပြည်တွင်းဖြစ် ဒုံးကျည် ၈ စင်း ပစ်လွှတ်စမ်းသပ်ခြင်းဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

Ref: Kim Jong-un says North Korea ready to mobilise nuclear forces