Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၈) ဦး တွေ့ရှိ

၂၀၂၂ ခုနှစ်၊ ဇူလိုင်(၂၇) ရက်နေ့၊ ည (၈:၀၀) နာရီကနေ ၂၀၂၂ ခုနှစ် ဇူလိုင် (၂၈) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈) ယောက် ထပ်တွေ့ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၁၉၈) ခုကို စစ်ဆေးခဲ့ရာမှာ (၁၈)ယောက် တွေ့ရှိခဲ့တဲ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၉) ရာခိုင်နှုန်း ဖြစ်ပါတယ်။၂၀၂၂ ခုနှစ် ဇူလိုင်(၂၆)ရက်နေ့၊ ည (၈:၀၀) နာရီကနေ ၂၀၂၂ ခုနှစ် ဇူလိုင် (၂၇)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်းမှာလည်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၁) ဦး တွေ့ရှိခဲ့ပါသေးတယ်။အတည်ပြုလူနာတွေထဲမှာ ပြည်ပကနေပြန်လည်ရောက်ရှိလာသူတွေလည်းပါတယ်လို့ သိရပါတယ်။ လက်ရှိမှာ COVID-19 ရောဂါနဲ့ သေဆုံးသူတော့ မရှိဘူးလို့သိရပါတယ်။ ဓာတ်ခွဲအတည်ပြု လူနာတွေကိုတော့ နေအိမ်မှာ သီးခြားထားရှိခြင်းနဲ့ ဆေးရုံတွေမှာ သီးခြား ထားရှိကုသမှုပေးတာတွ ေဆောင်ရွက်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။