ထိုင်းရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်ပရာယွတ် နိုင်ငံရေးလောကကို စွန့်ခွာဖွယ်ရှိကြောင်း ၎င်း၏ပါတီမှ ပါတီဒုတိယခေါင်းဆောင်ပြောကြား

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အနေနဲ့ နိုင်ငံရေးအလုပ်ကို ဆက်လုပ်မယ်လို့ မထင်ကြောင်း United Thai Nation ပါတီရဲ့ ဒုတိယခေါင်းဆောင် သာနာကွန် ဝမ်ဘွန်ကောင်ချာနာ က ပြောကြားပါတယ်။
“ သူကတော့ ဖွင့်မပြောပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ရပ်တန့်လိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ မစ္စတာ သာနာကွန် က ဒေသခံမီဒီယာတွေကို ပြောကြားပါတယ်။
အသက် ၆၉ နှစ် အရွယ် ပရာယွတ်က United Thai Nation ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင် က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရလဒ်တွေအရ အသက် ၄၂ နှစ်အရွယ် ပီတာလင် ဂျာရိုအင်ရတ် ဦးဆောင်တဲ့ Move Forward Party ပါတီ က အောက်လွှတ်တော် အမတ်နေရာ ၁၅၂ နေရာကို အနိုင်ရထားပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ဖေတွန်တန် ဦးဆောင်နေတဲ့ ဖြူထိုင်းပါတီ က အမတ်နေရာ ၁၄၁ နေရာ အနိုင်ရထားပြီး ဦးဆောင်နေချိန်မှာ United Thai Nation ပါတီက အမတ်နေရာ ၃၆ နေရာသာ အနိုင်ရကြောင်း သိရပါတယ်။
ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ ထိပ်ဆုံးနေရာရခဲ့တဲ့ Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရိုအင်ရတ် က သူ့တို့နိုင်ငံရေးအုပ်စု က လူများစုအစိုးရကို ဖွဲ့စည်းဖို့ အသင့်ရှိကြောင်း ပြောကြားပါတယ်။
-Ref: CNA/pp(as)