စင်ကာပူတွင် ၂၄နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် ၁၆၈၇၀ ဦးထပ်မံတွေ့ရှိ၊ ၃ ဦးသေဆုံး

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၁၆၈၇၀ ဦးထပ်မံတွေ့ရှိခဲ့ကာ ထပ်မံသေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းကူးစက်မှုများအနက် ပြည်တွင်းကူးစက်မှု ၁၅၉၇၈ ဦးရှိပြီး၊ ပြည်ပမှကူးစက်မှု ၈၉၂ ဦးရှိကြောင်းသိရသည်။

အင်္ဂါနေ့က ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၅၉၇၉ ဦးသာတွေ့ရှိခဲ့ပြီး၊ ယနေ့ထုတ်ပြန်ချက်တွင် ၃ ဆနီးပါးတိုးလာခြင်းဖြစ်သည်။ နိုင်ငံတွင်းဝယ် Omicron လှိုင်းသစ်သည် ဇူလိုင်နှင့် သြဂုတ်လများတွင် ကျရောက်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က သတိပေးထားသည်။

စင်ကာပူနိုင်ငံ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် COVID-19 ကာကွယ်ဆေးအပြည့်ထိုးနှံပြီးဖြစ်ပြီး၊ နိုင်ငံလူဦးရေ၏ ၇၈ ရာခိုင်နှုန်းမှာ ထပ်ဆောင်းထိုးနှံမှု(Booster Shot)ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။

Ref: Singapore reports 16,870 new COVID-19 cases, 3 deaths(CNA)