အာရှအတွက် ဖြစ်လာမည့် ရုရှား၏ ရေနံစိမ်း

ရုရှားရေနံစိမ်းနှင့် ထုတ်ကုန်များသည် ၂၀၂၃ ခုနှစ်တွင် အာရှဈေးကွက်များသို့ ဦးတည်သွားမည်ဖြစ်ပြီး ဥရောပ အနေဖြင့် ဒီဇယ်ဝယ်ယူရန်အတွက် အရှေ့အလယ်ပိုင်းသို့ပို ဦးတည်သွားမည်ဖြစ်ကြောင်း Vitol ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Russell Hardy က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 ၎င်းက ” ဝယ်လိုအားနည်းသွားသည့်တိုင်စွမ်းအင်​စျေးကွက်ကဆက်လက်မြဲနေဦးမည်” ဟုဆိုခဲ့သည်။

“ဝယ်လိုအားနည်းသွားပေမဲ့ ဈေးကွက်အများကြီးကျုံ့သွားဖို့တော့မမြင်ဘူး၊ ၂၀၁၉ ခုနှစ်တုန်းကလို ဓာတ်ဆီနဲ့ လေယာဉ်ဆီ၀ယ်လိုအားအဆင့်ကိုပြန်မရောက်သေးပါဘူး။​ယေဘုယျအားဖြင့်​တော့ ဈေးနှုန်းသင့်တင့်​အောင်လုပ်​နေရတုန်းပါပဲ” ဟု ဒိုဟာ ၌ Bloomberg ကတာဝန်ယူကျင်းပသော ကာတာစီးပွားရေးဖိုရမ်တွင် မစ္စတာ Hardy ကပြောကြားခဲ့သည်။

“လူတိုင်း စိုးရိမ်ရမယ့် အရာတစ်ခုကတော့ တဟုန်ထိုးတက်‌နေတဲ့ ကုန်ဈေးနှုန်းတွေ​ကြောင့်စီးပွားပျက်ကပ်တွေ ပိုဖြစ်လာနိုင်ချေရှိတာကိုပါပဲ” ဟုလည်းပြောကြားခဲ့သည်။

Source – Reuters