ကမ္ဘာ့အခက်ခဲဆုံး စက်ဘီးပြိုင်ပွဲ၌ ပိဇ့်နှင့် မိုရက်အနိုင်ရ

ကမ္ဘာ့အခက်ခဲဆုံး တောင်တက်စက်ဘီးစီးပြိုင်ပွဲလို့ ခေါ်ဝေါ်လေ့ရှိတဲ့ Hero Sudtirol Dolomite စက်ဘီးစီး ပြိုင်ပွဲကို အီတလီနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲဝင်တွေက ၈၆ ကီလိုမီတာခရီးကို ယှဉ်ပြိုင်ရတာ ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲဝင်တွေကတော့ ကီလိုမီတာ ၆၀ ခရီးကို ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲ ဝင်တွေက အမြင့် ၄၅၀၀ မီတာမြင့်တဲ့ တောင်တက်လမ်းကို ယှဉ်ပြိုင်ခဲ့ရပြီး ကိုလံဘီယာနိုင်ငံသား လီယိုနာဒိုပိဇ့် က ၄ နာရီ ၃၃ မိနစ် ၅၂ စက္ကန့်နဲ့ အခုပြိုင်ပွဲမှာ ၇ ကြိမ်မြောက်ချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ လီယိုနာဒိုပိဇ့်ရဲ့ ဆော်ဒယ် အသင်းဖော်ဟောင်း အယ်လ်ဖွန်ဆိုက ဒုတိယရခဲ့ပြီး အီတလီနိုင်ငံသား ဂါဟတ်က တတိယရခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲဝင်တွေကတော့ ၃၂၀၀ မီတာမြင့်တဲ့ တောင်တက်လမ်းကို ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီပြိုင်ပွဲမှာတော့ ဂျာမနီနိုင်ငံသူ မိုရက်က ၃ နာရီ ၅၅ မိနစ် ၂၇ စက္ကန့်နဲ့ ပထမရခဲ့ပြီး အီတလီနိုင်ငံသူ ဒီဘိုရာက ဒုတိယနဲ့ ၂၀၁၇ ပြိုင်ပွဲချန်ပီယံ ဂတ်ဒိုနီက တတိယရခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၂ နိုင်ငံက ပြိုင်ပွဲဝင်တွေ လာရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။