အဝေးသင်တက္ကသိုလ်တက်ရောက်မည့်သူများ ဇွန် ၁၃ ရက်မှစတင်၍ကျောင်းအပ်နိုင်ပြီဖြစ်

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီး သီး၌ ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းအတွက် ဇွန် ၁၃ ရက်မှစတင်ကာ ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ပညာသင်နှစ်၊အဝေးသင် သင်တန်း ပထမနှစ်(၂၀၁၉ အောင်)များ၊ဒုတိယနှစ်၊တတိယနှစ်များအတွက် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့်ပ ထမနှစ်(၂၀၂၀ အောင်)သင်တန်းများအား တက်ရောက်သင်ကြားမည့်သူများ အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။