ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်နေ့တည်း ၁၃၆ ဦး ဖမ်းဆီးခံရ

                                                                ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းနေစဉ်

 

ဇွန် ၁၁ ရက်က ထိုင်းနိုင်ငံရှိ ခရိုင်နှစ်ခု တွင်  တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံ သားများ တစ်နေ့တည်း ၁၃၆ ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း သတင်းရရှိသည်။

ဇွန် ၁၁ရက် မွန်းလွဲပိုင်းက ကဗန်းပုံကေတ် ရွာ ဟွေးစိုင်ခရိုင် ပကျွတ် ခီရီခန်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂၈ ဦး နှင့် အမျိုးသမီးလေးဦး၊ စုစုပေါင်း ၃၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရ သည်။

ထို့အတူ ဇွန် ၁၁ ရက် ညသန်းခေါင်ယံ ၁၂ နာရီ ခန့်က ဗန်းခေါင်ဓင်ရွာ အောင်နွဲခရိုင် ပကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင် ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၈၇ ဦး ဖမ်း ဆီးခံခဲ့ရကြောင်း သိရသည်။

ပကျွတ်ခီရီခန်ခရိုင်တွင် ဇွန် ၁၁ ရက် တစ် နေ့တည်း တရားမဝင်ဝင်ရောက်ခဲ့သည့် မြန် မာလုပ်သား ၁၁၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

အလားတူ ကန်ချနဘူရီခရိုင်တွင်လည်း ဇွန် ၁၁ ရက်က တရားမဝင် မြန်မာ ၁၇ ဦး အဖမ်းခံခဲ့ရရာ ဇွန် ၁၁ ရက် တစ်ရက်တည်းမှာပင် ပြည်နယ်နှစ်ခုအတွင်း တရားမဝင်မြန်မာနိုင်ငံ သား ၁၃၆ ဦး အဖမ်းခံခဲ့ရကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA  မှ သိရသည်။

“တရားဝင် MoU လမ်းကြောင်းရှိတယ်။သို့​ပေမဲ့ တရားမဝင် ဝင်​ရောက်မှု​တွေက တစ်​နေ့တခြား ပိုပိုဝင်​နေကြတယ်။ တရားမဝင် လမ်း​ကြောင်း​တွေက​ နေ့စဉ်ဝင်​လာကြတယ်။အဲ​ဒီတော့ ထိုင်းအစိုးရက ​ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲထိ အလိုရှိပါတယ်လို့ ဖိတ်​ခေါ် တိုက်တွန်းထားတယ်။ သို့သော်လည်း ထိုင်း အစိုးရက​ ရွှေ့​ပြောင်း လုပ်သားအလိုရှိတဲ့အတိုင်း ကျွန်​တော်တို့ မြန်မာဘက်က ​မောင်မောင်​ ခေါ်လို့မှ လျင်မြန်သွက်လက်စွာ ဗျာထူးဖို့လို ပါတယ်။ မဟုတ်ရင် တရားမဝင် ဝင်​ရောက်သူ​တွေ အများကြီးနစ်နာလို့ပါ” ဟု မြန်မာပြည်သားများအ​ရေး ပူးတွဲလှုပ်ရှားမှု​ကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက​ ပြောကြားသည်။

အဆိုပါ တရားမဝင် မြန်မာလုပ်သားများသည် ပွဲစားခ ဘတ် ၂၅၀၀၀ မှ  ၃၀၀၀၀ အထိ ပေးဆောင်ကြရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံ သားများသည် ပဲခူးတိုင်း၊ ထားဝယ်၊ မန္တလေး တိုင်း၊ မကွေးတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့်  ဧရာ ဝတီတိုင်း၊ မွန်ပြည်နယ်တို့မှ လာရောက်ခဲ့ကြ သူများဖြစ်သည်ဟု သိရသည်။

 

 soure:eleven