ဒေသ ရှစ်ခုတွင် နေရာကွက်ပြီး မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန်လိုအပ်

13582104_1772976686175730_5498063694286499084_o

ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မြစ်ချောင်းများလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။ ရေဘေး ရင်ဆိုင်နေရဆဲဖြစ်သော ရခိုင်၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့၊ ကလေးဝမြို့၊ ကနီမြို့၊ မင်းကင်းမြို့တို့၌ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေသည်။ ဧရာဝတီတိုင်း ဒေသ ကြီး အတွင်း င၀န်မြစ်ရေသည်လည်း ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေကာ နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုး ရိမ်ရေမှတ်သို့ ရောက်ရှိနိုင် ကြောင်း ဇူလိုင် ၁၀ ရက်က သတင်းထုတ် ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ‘‘မုတ်သုံလေအားက အရမ်း ကောင်းနေတော့ နေရာကွက်ပြီး မိုးကြီးမယ့် အနေ အထာ မှာရှိနေတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပေါ့။ လက်ရှိရာသီဥတု အခြေအနေအရ နေရာကွက်မိုးကြီးနိုင်တဲ့နေရာက ရခိုင်ပြည်နယ်မှာလည်း မိုးက ကောင်းနေ သေးတယ်။ ဧရာဝတီဘက်မှာ ဆိုရင်လည်း မြစ်ချောင်းတွေပါ ရေတက်လာတာဆိုတော့ ရေဘေးက ဒေသအများအပြားမှာ သတိထားဖို့ လိုတယ်’’ဟု ပြော ကြား သည်။

အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီဖြစ်ရေသည် စိုးရိမ်ရေမှတ်အနီး မရောက်သေးသော်လည်း မြစ်ကြောင်းတစ်လျှောက် ရေမြင့်တက်လာနေကာ မြစ်ကမ်းပါး တိုက်စားမှုများ ဖြစ်ပွားနေသည်။ ‘‘ကျွန်တော်တို့ဆီလည်း မြစ်ကမ်းတွေ တိုက်စား နေလို့ အိမ်တွေဘေးလွတ်ရာရွှေ့နေရတယ်။ မိုးကလည်း ဆက်တိုက်ကောင်း နေတာ။ ဒီထက်မဆိုးပါစေနဲ့လို့ပဲ။ အခုလောလောဆယ်တော့ ခံသာသေးတယ်’’ဟု ငါးသိုင်းချောင်းမြို့နယ် ဒေသခံကိုဟန်စိုးက ပြောကြားသည်။ လက်ရှိ ကာလမှာ ဒုတိယရေ ကြီးကာလဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဇွန်လအတွင်းက သတိပေး ထားသည်။ လတ်တလော ရခိုင်ပြည်နယ်တွင် ရေဘေးရင်ဆိုင်နေရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ် တို့၌ နေ့စဉ်လိုလိုမိုးကောင်းနေ၍ ရေလွှမ်းမိုးမှုအန္တရာယ်ကို ဒေသခံများ စိုးရိမ်နေကြသည်။


Leave a Reply