ပြည်ခိုင်ဖြိုးပါတီ စေတနာ့ဝန်ထမ်းအဖွဲ့များမှ နေပြည်တော် မြို့မဈေးအတွင်း နှာခေါင်းစည်းများ လှူဒါန်း

 

နေပြည်တော်၊ စက်တင်ဘာ ၆။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် စေတနာ့ဝန်ထမ်းအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး ယနေ့ညနေ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအများအပြား ဝင်ထွက်သွားလာလျက်ရှိသည့် မြို့မဈေးအတွင်း ဆေးဘက်သုံး နှာခေါင်းစည်း (၄၀၀၀)ကို ဖြန့်ဝေလှူဒါန်း ခဲ့သည်။