အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ ထပ်မံလှူဒါန်း

 

အမရပူရ၊​မေ(၃၁) သုတ(မန္တလေး)

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid-19 ​ရောဂါကြိုတင်​ကာကွယ်​တာဆီးနိုင်​​ရေး လုပ်​ငန်းများကို စဉ်​ဆက်​မပြတ်​ ​ဆောင်​ရွက်​လျှက်​ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ​ကျေးလက်​​ကျန်းမာ​ရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ သွားရောက်လှူဒါန်းခဲ့သည်။

အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီအ​နေဖြင့်​ ယမန်​​နေ့​ကလည်း မြို့နယ်​အတွင်းရှိ​ ရွှေကြက်ယက်ကျေးလက် ကျန်းမာရေးဌာနနှင့် စားတော်ကျေးလက် ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များအား
လှူဒါန်းခဲ့ပြီး ယခုအခါ တလင်းကြီးကျေးလက်ကျန်းမာရေးဌာနနှင့်​ တမုဆိုးကျေးလက် ကျန်းမာရေးဌာနသို့ ထပ်​မံ၍ လှူဒါန်းခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးဇော်အောင်ထက်၊ ဦးအောင်ခိုင်စိုးတို့ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တလင်းကြီး ကျေးလက်ကျန်းမာရေးဌာနသို့ PPE ဝတ်စုံ ၃ဝ၊ Mask ၁၅ဝ နှင့် တမုဆိုးကျေးလက် ကျန်းမာရေးဌာနသို့ PPE ဝတ်စုံ ၃ဝနှင့် Mask ၁၅ဝ စုစုပေါင်း PPE ဝတ်စုံ ၆ဝ နှင့် Mask ၃ဝဝတို့အားလှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကာလတန်ဖိုး ငွေကျပ်ရှစ်သိန်းကျော်ဖြစ်ကြောင်း သိရသည်။