ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံး မိသားစု ဝါဆိုလပြည့်နေ့ အခါသမယတွင် ရွှေကြာသင်္ကန်း ကပ်လှူ၊ ဝတ်ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများတို့သည် ဇူလိုင်လ (၁၉)ရက်နေ့ ညနေ(၅)နာရီအချိန် ဝါဆိုလပြည့်နေ့ အခါသမယတွင် (၅)ကြိမ်မြောက်အဖြစ် ရုံးဝင်းအတွင်း၌ရှိသော ရွှေဘုံသာမုနိ၊ ငွေဘုံသာမုနိ စေတီတော်တို့အား ရွှေကြာသင်္ကန်းများ ကပ်လှူဒါန်းကြပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု အမျိုးသမီးများ စုပေါင်း၍ အင်အား(၅ဝ)ဦးခန့်တို့မှ ပဠာန်းဒေသနာတော်ကြီးနှင့် ဓမ္မစကြာင်္သုတ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

_DSC0168


ထိုသို့ ရွတ်ဖတ်ပူဇော်လှူဒါန်းရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးမှ ဌာနကြီးမှူး ဦးအောင်နိုင်ထွန်း+ ဒေါ်မေသန်းထွေးမိသားစုမှ ငွေဘုံသာ စေတီတော်အတွက် ရွှေကြာသင်္ကန်းတစ်စုံ၊ နိုင်ငံခြားရေးဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်း မိသားစုမှ ရွှေဘုံသာ စေတီတော်အတွက် ရွှေကြာသင်္ကန်းတစ်စုံ၊ ဘဏ္ဍာရေးဌာနမှ ဒုတိယဌာနမှူး ဦးမြသန်း မိသားစုမှ ဘုရားကန်တော့ပွဲများနှင့် သောက်ရေသန့်များ၊ ရုံးဝန်ထမ်းမိသားစုများဖြစ်သော ဦးဟန်လွင်ဦး+ ဒေါ်အိနှင်းပွင့်၊ ဦးလှိုင်မင်းသူ+ ဒေါ်နီလာအောင်၊ ဦးအောင်ဇေယျာထွေး+ ဒေါ်သီသီစိုး၊ ဒေါ်မြင့်မြင့်ထွေး မိသားစုများမှ အချိုရည်ဗူးများလှူဒါန်းကြပြီး ဧည့်သည်တော်များနှင့် ဝတ်ရွတ် အဖွဲ့ များအား နိုင်ငံခြားရေးရာဌာနမိသားစု ဝန်ထမ်းများမှ ကြာဇံဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အေးကိုကို


Leave a Reply