ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အားလှူဒါန်း

 

(၃၁-၅-၂၀၂၀)
ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်မြို့နယ်ဆေးရုံ၊ ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ မဒေါက်တိုက်နယ် ဆေးရုံနှင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အား (၃၁.၅.၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀နာရီ) တွင်  ညောင်လေးပင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဦးသောင်းဒန်ဦးထံသို့ သွားရောက်၍ လှူဒါန်းခဲ့ပါသည်။

ထို့နောက်တွင် တိုက်နယ်ဆေးရုံများဖြစ်ကြသော ပြွန်တန်ဆာ၊ မဒေါက်၊ပိန်းဇလုပ်မှ တာဝန်ခံဆရာဝန်များထံ လှူဒါန်းပစ္စည်းများ လိုက်လံ ပို့ဆောင် လှူဒါန်းခဲ့ပါသည်။

အဆိုပါ လှူဒါန်းရာသို့ ဒေါက်တာသန့်ဇော်လွင်နှင့်အတူ ညောင်လေးပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ပါတီကော်မတီဝင်တို့မှ သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းပစ္စည်းများသည် ဆေးရုံ၏ အဓိကအရေးကြီးသော ခွဲစိတ်ခန်းတွင် ပိုးသတ်ရန်နှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ပိုးသတ်ပေးသော စက်အပါအဝင် ရင်ကြပ်ရောဂါသည်များအတွက် အသက်ရှူစက်တို့ ဖြစ်ကြပြီး ယနေ့လှူဒါန်းခဲ့သော တန်ဖိုးမှာကာလ တန်ဖိုးတစ်ဆယ့်တစ်သိန်း တစ်သောင်းကျပ်တိတိ ဖြစ်ပါသည်။

ဒေါက်တာသန့်ဇော်လွင်