ကျိုက်ထိုမြို့နယ်‌ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်သူ့အတွက်အာမခံချက် မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ

 

ကျိုက်ထို ၊ မတ် ၃

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ”ပိုမို တောက်ပသော အနာဂတ်ဆီသို့” မြေစိုက်ပိုစတာနှင့် ပြည်သူ့အတွက် အာမခံချက်ကိုးချက်ပါ မြေစိုက်ပိုစတာ နှစ်ခုအား စိုက်ထူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၃ ရက်နေ့  နံနက် ၉ နာရီခွဲက ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာအချိန် ကျရောက်သောအချိန်၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဌေးလွင်၊ ကျိုက်ထို မြို့နယ်ပါတီ ဦးဇေယျာဦး၊ ပါတီအတွင်းရေးမှူး ဦးကြည်စိုးနှင့် မြို့နယ်‌ ကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဋ္ဌများ မှ မြေစိုက်ပိုစတာများအား အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဦးဌေးလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး ၊ အတွင်းရေးမှူး ဦးကြည်စိုး၊မြို့နယ် ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်