ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် မိုင်းဖုန်းဆရာတော် တည်ထားမည့်စေတီတော် မြေသန့်မင်္ဂလာ တက်ရောက်ပူဇော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် မန္တလေးမြို့ စွယ်တော် စေတီအနီး ကမ္ဘောဇဝုန်းစုမ့်ကျောင်းတွင် ကျင်းပသည့် မိုင်းဖုန်း ဆရာတော်ကြီး သြဝါဒခံယူ၍ တည်ထားကိုးကွယ်မည့် စေတီတော်ကြီး၏ မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားပွဲသို့ နိုဝင်ဘာ (၂၀) ရက် နံနက် (၉) နာရီက တက်ရောက်ကြည်ညိုပူဇော်သည်။

thura-u-aye-myint

အဆိုပါစေတီတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ ပါတီမိတ်ဆွေ ဦးဇော်မင်းဦး (စန်းမြတ်ရောင်ခြည်သင်္ကန်းတိုက်) နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဗဟိုဦးဆောင်ကော်မတီဝင်နှင့်အဖွဲ့သည် တာချီလိတ်မြို့ ပုံလို့တောရကျောင်း ဆရာတော် ဦးပညာစာရ၊ သီပေါမြို့ ဘော်ကြိုဆရာတော် ဦးဒေဝိန္ဒနှင့် နန့်လှိုင်ဆရာတော် ဦးဥာဏောဘာသ တို့ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အစီအစဉ်အရ မြေသန့်မင်္ဂလာနှင့်ပန္နက်တင်ခြင်းမင်္ဂလာကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply