ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်မြတ်ကြီး (၈၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး တက်ရောက်လှူဒါန်း

 

မတ် ၁၊ နေပြည်တော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီးတွင် ၁-၃-၂၀၂၀ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် (၈၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပြီး လှူဖွယ်ပစ္စည်းများအား လောင်းလှူ ခဲ့ပါသည်။

အခမ်းအနားတွင် ကြွရောက်လာသည့် ကျောင်းတိုက်ပေါင်း (၁၀၀) ကျော်မှ ဆရာတော်၊ သံဃာတော် (၄၇၀) ပါး နှင့် သီလရှင်ဆရာကြီး၊ ဆရာလေး (၁၃၀) ပါးတို့အား သင်္ကန်းများ၊ ဆွမ်းဆန်များ၊ ၀တ္ထုငွေများနှင့် အခြားလှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့ကြပါသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ ဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်းနှင့်ဇနီး၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးစိုးနိုင်နှင့်ဇနီး၊ ဦးဝေလွင်နှင့်ဇနီး၊ ဒေါက်တာအောင်မြတ်ဦးနှင့်ဇနီး၊ ဦးသောင်းအေးနှင့်ဇနီး၊ ပြည်ထောင်စုနယ်မြေ ပါတီအောင်နိုင် ရေးဝါရင့်အကြံပေး ပါတီဗဟိုကော်မတီဝင် ဦးမြင့်လှိုင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်၊ ပြည်ထောင်စု နယ်မြေပါတီကော်မတီဝင်များ၊ ပါတီဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ ဒက္ခိဏသီရိမြို့နယ်မှ ပါတီဝင်များ တက်ရောက်လှူဒါန်း ခဲ့ကြပါသည်။