ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က တွံ​တေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်စည်းရုံးရေးမှူးအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌ ဒေါ်အေးအေးမြင့်မှ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့သည် ၄င်းရှင်းလင်းပွဲအခမ်းအနားအား နံနက် ၁၁နာရီခွဲအချိန်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဥက္ကဌ ဒေါ်အေးအေးမြင့်နှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေးကော်မတီဝင်များ ပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။