ရာဇသင်္ဂဟ ဖောင်ဒေးရှင်း ကိုယ်စားအသက်(၁၀၃)နှစ်အထက် အဘိုးအား ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရီသုစမ္မ ဦးသိန်းစိန် တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ တစ်နိုင်ငံလုံးရှိ သက်ကြီး၊ ၀ါကြီးဂုဏ်ပြုခံ အဘိုး၊ အဖွားများအား အလှူငွေ များနှင့်အတူ လှူဒါန်းကန်တော့လျှက်ရှိသည်။

ယနေ့ (၉-၉-၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဦးစိုင်းလုံထီး၊ ဦးကျဒေါလော်၊ ဦးခင်မောင်လတ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်နှင့် ပါတီစည်းရုံးရေးမှူး အင်အား (၂၀)ဦးတို့သည် တာချီလိတ်ခရိုင်၊ တာလေမြို့နယ်၊ ရပ်ကွက်(၃)၊ ကောင်းကဲရွာနေထိုင်သော အသက်(၁၀၃)နှစ်ရှိ အဘိုး ဦးစိုင်းကျောက်ထံသွားရောက်၍ ရာဇသင်္ဂဟဖောင်ဒေးရှင်မှ လှူဒါန်းသည့် အလှူငွေ ကျပ်(၂)သိန်း၊ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဦးဝေယံဦးတို့မှ သီးခြား လှူဒါန်းသည့် အလှူငွေ ကျပ်(၁)သိန်း (၅)သောင်း၊ စုစုပေါင်းကျပ်(၃)သိန်း(၅)သောင်းကို သွားရောက်လှူဒါန်းကန်တော့ရာ ကန်တော့ခံ အသက်(၁၀၃)နှစ်ရှိ အဘိုးမှ ပြန်လည်၍ ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သိရသည်။

# Myo Thant


Leave a Reply