သန်လျင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) ရရှိရေးကိစ္စများ ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ အောက်တိုဘာ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများ၏ ကိုယ်စား တိုင်းဒေသကြီး လွှတ်တော်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) မရရှိသေးသောသူများ ပုံစံ(၇)ရရှိရေးကိစ္စရပ်များနှင့်ပက်သက်၍ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ တိုင်းဒေသကြီး လယ်/ဆည်ဝန်ကြီးမှ ပြန်လည်ဖြေကြား ပေးခဲ့သည့် အကြောင်းအရာများကို တောင်သူလယ်သမားများထံ လာရောက် တွေ့ဆုံ၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်၊ သန်လျင်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကျော်စွာမင်း၊ သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဝင်းခနီးကျေးရွာ၊ ကဒက်ဖြာကျေးရွာအုပ်စု၊ ရုံးသပြေကန်ကျေးရွာအုပ်စု၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ ပုဂံတောင်ကျေးရွာ အုပ်စု၊ သပြေကုန်းကျေးရွာ၊ ချောင်းစောက်ကျေးရွားတို့မှ အုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ် သမားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ တောင်သူ လယ်သမားများ၏ တင်ပြ ချက်များကို ဌာနဆိုင်ရာမျာနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

usdp သန်လျင်


Leave a Reply