ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ တလျန်လေဆိပ် ပါတီဝင်များ၏ စံပြအိမ်ရာသွား သွားရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တလျန်မြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်    ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တလျန် တရုတ်ကွန်မြူနစ်ပါတီသင်တန်းကျောင်းခန်းမ၌ သင်တန်းကျောင်း ဒုတိယပါမောက္ခ Mr.Liu Yanbo မှ ဒီမိုကရေစီနှင့် ဗဟိုဦးစီးစနစ်အကြောင်း ရှင်းလင်းတင်ပြရာ တက်ရောက်ခဲ့ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်းဆွေးနွေးရာ ဒုတိယပါမောက္ခမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်းတည့်(၁၂း၀၀)နာရီချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့သည်။

ယင်းနောက်မွန်းလွဲ(၀၂း၀၀)နာရီတွင် တလျန်လေဆိပ် ပါတီဝင်များ၏ စံပြအိမ်ရာသို့ သွားရောက် လေ့လာကြည့်ရှုကာ လေဆိပ်အိမ်ရာမှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့သည်။

ထို့နောက် ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်းဆွေးနွေးရာ လေဆိပ်တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းပြီး ညနေ(၀၅း၀၀)နာရီချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ကာ လေဆိပ်မှ တာဝန်ရှိသူများနှင့်အတူ ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့များ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

#naylinnhtun