ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များအား တတိယအကြိမ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

IMG_3390 IMG_3388

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၂၅) ရက် မွန်းလွဲ (၂) နာရီတွင် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီးရုံးခန်း၌ပြုလုပ်သော ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်သူအထူးကုဆရာ ဝန်ကြီးများနှင့်ပူးပေါင်း၍ တတိယအကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲ စိတ်ကုသရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

IMG_3392  IMG_3397

အဆိုပါ အစည်းအဝေးသို့ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး၊ ဟင်္သာတခရိုင် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ဒီဃာယုဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ဟင်္သာစေတနာ နယ်လှည့် အခမဲ့ဆေးကုသရေး အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးက ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသရေးကို ဇွန် ၂ဝ ရက်မှ (၂၂) ရက်အထိဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ကြောင်း၊ ယခင်ခွဲစိတ်ခဲ့သည့် အကြိမ်များနည်းတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ကြရန် မှာကြားသည်။

၎င်းနောက် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးတင်နိုင်လင်းက နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင်များကို ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်သူအထူးကု ဆရာဝန်ကြီးများနှင့် ပူးပေါင်း ခွဲစိတ်ရန် ဖြစ်ပေါ်လာခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ယခုတတိယအကြိမ် ခွဲစိတ်ကုသမှုပြုလုပ်ရန် ဆောင်ရွက်ထား ရှိမှုအခြေအနေကို တင်ပြသည်။

ဆက်လက်၍ ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး က ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့် လေးထပ်ဆောင်ဆောက် လုပ်ထားရှိမှု အခြေအနေ များကိုလည်းကောင်း၊ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဘဏ္ဍာရေးမှူးဦးဝင်းဇော် က ဘဏ္ဍာရေးအခြေအနေကို လည်းကောင်း၊ ဒီဃာယုဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးသန်းမြင့်က ဒီဃာယုဖောင်ဒေးရှင်းဘဏ္ဍာရေး၊ ကျောက်ကပ် ဝေဒနာရှင်များအား ပံ့ပိုးဆောင်ရွက်မှုအခြေအနေနှင့် လက်ရှိဆောင်ရွက်မှုအခြေအနေကို လည်းကောင်း အသီးသီး  ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးက မိမိတို့ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိ ရာတွင် အောင်မြင်မှုရရှိနေကြောင်း၊ ယခုလို အောင်မြင်မှုရရှိခြင်းမှာ အားလုံးကစေတနာထား၍ ဝိုင်းဝန်းပါဝင် ဆောင်ရွက် နေခြင်းကြောင့်ဖြစ်ကြောင်း၊ အသင်းကြီး ပိုမိုတည်တံ့ခိုင်မြဲရေးအတွက် တိုးချဲ့ဖွဲ့စည်းရေးအတွက် အကြံပြု ဆွေးနွေးပေးပါရန် ပြောကြားသည်။

ထို့နောက် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးတင်နိုင်လင်းက အသင်းဝင်ရရှိရေး မြို့ပေါ်ရပ်ကွက်များမှရရှိရန် စတင်ဆောင်ရွက်သင့်ကြောင်း၊ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင် ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးသန်းထွန်းက ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း အသင်းဝင်ရရှိရေး စတင် ဆောင်ရွက်နိုင်ရန်အတွက် အဆောက်အအုံရုံးခန်းထားရှိရေး၊ စက္ခုပါလာဒိဖောင်ဒေးရှင်းအဖွဲ့ဝင် ဟင်္သာတမြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးချိုက ဟင်္သာတခရိုင် စက္ခု ပါလာဒိဖောင်ဒေးရှင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးက ယခုတက်ရောက်လာ ကြသူများသည် ဟင်္သာတမြို့နယ် အကျိုးအတွက် စေတနာထား ဆောင်ရွက်နေကြသည့် မြို့မိမြို့ဖများ ဖြစ်ကြကြောင်း၊ မိမိအနေဖြင့် နယ်မြေအကျိုးအတွက် ဆောင်ရွက်ရန် တာဝန်ရှိသည့် ပါတီဝင်တစ်ဦး ဖြစ်ပြီး ဟင်္သာတမြို့သည် မိမိ၏ဇာတိမြေဖြစ်သည့်အတွက် ဆောင်ရွက်ပေးရမည့် ဝတ္တရားလည်းရှိသူ တစ်ဦးဖြစ်ကြောင်း၊ မိမိတို့နယ်မြေအကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးရရှိချက်များအပေါ် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်သွားကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။


Leave a Reply