ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြို့နယ် ကျေးရွာများမှ ဆရာတော်များအား ဖူးမြော် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကော့ကရိတ် ဖေဖော်ဝါရီ ၎

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာသို့ရောက်ရှိကာ ကမ်းနီပရိယတ္တိကျောင်းကြီး ဆရာတော်အား ဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကမ်းနီကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ပါတီဝင် မခင်ရှင်း နေအိမ်၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီ အောင်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။

နံနက် ၉ နာရီ မိနစ် ၅ဝ တွင် ကမ်းနီ ကျေးရွာ အမှတ် (၈) ရပ်ကွက်ရှိ ပါတီဝင် ဒေါ်သန်းဝင်းနေအိမ်၌ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။ ထို့နောက် အမှတ် (၈) ရပ်ကွက်ရှိ မြေထိန်းနံရံပြုလုပ်ရန် ဘိလပ်မြေအိတ် ၂ဝ အတွက် ငွေကျပ်တစ်သိန်းနှစ်သောင်း လှူဒါန်းခဲ့ သည်။ ထို့နောက် နံနက် ၁ဝနာရီ ၃၅ မိနစ်တွင် တံတားဦးကျောင်းသစ်ကျောင်း ဆရာတော် အားဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး နံနက် ၁၁ နာရီတွင် တံတားဦးကျေးရွာရှိ ပါတီဝင် ဦးသောင်းညွန့်နေအိမ်၌ ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့်တွေ့ဆုံ၍ ယနေ့ဖြစ်ပေါ်နေသည့် တိုင်းပြည်၏အခြေအနေ၊ ပါတီအောင်နိုင်ရေး ကိစ္စရပ်များ၊ ဒေသအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည့်အချက် များကို မေးမြန်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။ ဆက်လက်၍ တံတားဦး ကျေးရွာဆိုင်းဘုတ် ပြန်လည်ပြပြင်ရန် ဘိလပ်မြေအိတ် ၂ဝ အတွက် မတည်ငွေကျပ် တစ်သိန်းနှစ်သောင်း လှူဒါန်းခဲ့သည်။ ယင်းနောက် ကမ်းနီကျေးရွာ ပရိယတ္တိ ကျောင်းသို့သွားရောက်၍ စာချဆရာတော်အား အလှူငွေ ဆက်ကပ် လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲများသို့ ကရင်ပြည်နယ် ပါတီကော်မတီဝင် ဦးအောင်မြင့်သိန်း၊ ကော့ကရိတ် ခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ကော့ကရိတ်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ခင်နီနီအောင်