တိုင်းပါတီကော်မတီဝင်မိသားစုက ရပ်ကွက်နေပြည်သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်များလှူဒါန်း

 

ရန်ကုန် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် စည်းရုံးရေးနယ်မြေ အတွင်းရှိ အမှတ်(၁၃၈)ရပ်ကွက် တွင် ဒေသခံဗုဒ္ဓဘာသာဝင်ပြည် သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင် ရုပ်ပွားတော်မြတ်များလှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စစ်ပင် တောင်ရပ်ကွက်ရှိ ရွှေကြာပွင့်မြင့် မိုရ်ဘုန်းတော်ကြီးကျောင်း၌ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ များနှင့်အတူ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရုပ်ပွားတော်မြတ်များ ပေးအပ် လှူဒါန်းခြင်းအခမ်းအနားသို့ အလှူ ရှင်မိသားစုများဖြစ်ကြသည့် ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း ပါတီကော်မတီဝင် ဒေါက်တာ ကျော်စိုးနှင့်ဇနီး၊ရန်ကုန်(အရှေ့ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခရိုင်ပါတီကော်မတီ ဝင်ဒေါ်လဲ့လဲ့အေးနှင့် သမီးမအိနြေ္ဒ ကျော်စိုးတို့နှင့်အတူ တိုင်းပါတီ ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ကော် မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ များမှ ပါတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံမိဘ ပြည်သူများ စုစုပေါင်းဧည့်ပရိသတ် ၁၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ဆက် လက်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်များ အား ဘုရားအမှူးရှိသော ချမ်းမြေ့ ကျောင်းဆရာတော်ဥူးတိလောက၊ ရွှေကြာပွင့်မြင့်မိုရ်ကျောင်းဆရာ တော် ဥူးဝါယမနှင့် သံဃာတော် အရှင်သူမြတ်များက အနေကဇာတင် မင်္ဂလာပြုလုပ်ပေးကာ အလှူရှင် တိုင်းပါတီကော်မတီဝင်မိသားစုနှင့် မြို့နယ်ပါတီကော်မတီတာဝန်ရှိသူ များက အမှတ်(၁၃၈)ရပ်ကွက်ရှိ အိမ်ထောင်စု ၉၉စုအတွက် မြတ်စွာ ဘုရားရှင် ရုပ်ပွားတော်မြတ် ၉၉ ဆူအား တစ်ဦးချင်းစီကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)