ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျောသားရင်သားမခွဲခြားဘဲ အမှန်တကယ် ဘေးဒုက္ခကြုံတွေ့ နေသူများထံသို့ သွားရောက်ပံ့ပိုး ကူညီလျက်ရှိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းတို့သည် ယမန်နေ့ နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ဖြူးမြို့နယ်နှင့် ကျောက်ကြီး မြို့နယ်များမှ ပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြည်ခိုင်ဖြိုးပါတီ၏ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကိုလည်းကောင်း၊ ပါတီဝင်များ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ လည်းကောင်း၊ ဃဃဏျွကိစ္စနှင့် ပတ်သက်သည်များ ကိုလည်းကောင်း ပါတီဝင်များ သိသင့်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် တောင်ငူခရိုင်နှင့် တာဝန်ခံနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးမြောက်ခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ အဖွဲ့သည် ညောင်လေးပင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဌေး၊ အတွင်းရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင် ဒေါက်တာသန့်ဇော်လွင် တို့နှင့်အတူ ညောင်လေးပင်မြို့နယ် ဂျောင်းတာကျေးရွာအုပ်စု၊ ဆာဆေးကျေးရွာသို့ စက်လှေများဖြင့် သွားရောက်၍ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပါတီဝင်များနှင့် ကျေးရွာနေရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့သည်။ အဆိုပါကျေးရွာတွင် ရေဘေးဒုက္ခသည် ပြည်သူ အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ရှိကြောင်း သိရသည်။

မိုက်တီး