ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်

 

မကွေး ဖေဖော်ဝါရီ ၎

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေး မြို့နယ်ရုံးဝင်းအတွင်း ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူးဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးဟန်မောင်၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မကွေး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် ပါတီဥက္ကဋ္ဌများ တက်ရောက် ဆောင်ရွက်ခဲ့ကြသည်။ ဝင်းမောင်(မကွေး )