မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင် ပါတီကော်မတီဝင် ဦးဝင်းမောင်၊ အောင်မြေသာစံမြို့နယ် ပါတီဥက္ကဌ ဦးကိုလေးနှင့် ကော်မတီဝင်များသည် လွန်ခဲ့သောရက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်များ ဆုံးရှုံးသွားသော အမရဌာနီအရှေ့ရပ်ကွက် အကွက်(၄၅)ရှိ ပြည်သူများ ခေတ္တခိုလှုံနေထိုင်သော ထားဝယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် မီးဘေးကယ်ဆယ်ရေးစခန်းသို့ မတ်လ (၉) ရက် ညနေပိုင်းက သွားရောက်ကာ မီးဘေးသင့် မိဘပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စု (၁၇)စုအတွက် တစ်စုလျှင် အလှူငွေ (၂၀၀၀၀ိ/-)ဖြင့် စုစုပေါင်း (၃၄၀၀၀၀ိ/-) အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး