ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ အမျိုးသမီးရေးရာ အစည်းအဝေးသို့ တက်ရောက်

 

ရန်ကုန် ဖေဖော်ဝါရီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသော အမျိုးသမီးရေးရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တက်ရောက်၍ အမှာစကားပြော ကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊တိုင်းဒေသကြီး အမျိုးသမီးရေးရာ တာဝန်ခံဒေါ်စန်းစန်းဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အမျိုးသမီးရေးရာတာဝန်ခံများ၊ လူငယ်အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဘိုဘို(ရန်ကုန်)