ကစားသမားဘ၀ ဒုတိယမြောက်ချန်ပီယံဆုကို ဆိုဖီယာကီနင် ရရှိ

အသက်(၂၀)သာရှိသေးတဲ့ အမေရိကန်တင်းနစ်မယ် ဆိုဖီယာကီနင်ဟာ (၂၀၁၉)အတွက် ဒုတိယမြောက် ချန်ပီယံဆုအဖြစ် မာလော့ကာအိုးပင်းချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန် တင်းနစ်မယ် ဘန်ဆစ်နဲ့ဗိုလ်လုပွဲဟာ ကီနင်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့အဆင့် (၁၇)မှာ ရှိနေတဲ့ ဘန်ဆစ် ဟာကီနင်ထက် ရပ်တည်မှု အဆင့်(၁၁)ဆင့် ပိုမြင့်သလို ပထမပွဲလတ်ကိုလည်း အနိုင်နဲ့စတင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၂)နာရီနဲ့ မိနစ်(၄၀)ကျော် ယှဉ်ပြိုင်အပြီးမှာတော့ (၆း၇၊၇း၆၊၆း၎)ဆိုတဲ့ ရလဒ်နဲ့ ဆိုဖီယာကီနင် အနိုင်ရပြီး ချန်ပီယံဆုကို ခက်ခက်ခဲခဲရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းက ဟိုဘတ်နိုင်ငံတကာပြိုင်ပွဲမှာ ကစားသမားဘ၀ ပထမဆုံး(WTA)တစ်ဦးချင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကီနင်အတွက် အခုချန်ပီယံဆုဟာ ဒုတိယမြောက်ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဆိုဖီယာကီနင်ဟာ (၂၀၁၉)အတွင်းမှာ(၂၅)ပွဲနိုင် (၁၂)ပွဲရှုံးမှတ်တမ်းရရှိထားတယ်လို့ သိရပါတယ်။ -Ref:Skysports