ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဆိပ်ဖြူမြို့နယ် အုန်းမှင်ရွာရှိ ပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၂၄၊ ဆိပ်ဖြူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ စုစုပေါင်း အင်အား ၇၀ ခန့် တက်ရောက် ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့သည် ဆိပ်ဖြူမြို့နယ် အတွင်းရှိ အုန်းမှင် ကျေးရွာမှ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံခြင်း စကားဝိုင်းကိုလည်း ပြည်သူတက်ရောက် အင်အား ၆၀ ခန့်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။