ရီယိုအိုလံပစ်တွင် ၁,၀၀၀ ခုမြောက် ရွှေတံဆိပ်ကို အမေရိကန်ရယူ

us-1000th-gold-getty-875

ဘရာဇီးနိုင်ငံ အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန် အမျိုးသမီးရေကူးအသင်းက မီတာ ၁၀၀ လေးမျိုးကူးပြိုင်ပွဲ၌ အောင်ပွဲခံခဲ့ပြီး အမေရိကန်နိုင်ငံ က အိုလံပစ် ရွှေတံဆိပ်ဆု  ၁,၀၀၀ ခုမြောက် ရရှိသွားသည်။

ကက်သလင်းဘာကာ၊ လီလီကင်း၊ ဒါနာဗော်လ်မာနှင့် မယ်နျူရယ်တို့က သြစတြေးလျ အသင်းကို အနိုင်ရပြီး အမေရိ ကန်အတွက် ရွှေတံဆိပ်ရယူခဲ့ သည်။

‘‘ရွှေတံဆိပ်တစ်ထောင် ရောက်သွားတယ်ဆိုတာ တကယ့်ကို ထူးခြားတဲ့ အောင်မြင်မှုပါ။ အမေရိကန်အိုလံပစ်အသင်း (Team USA) ဟာ အားကစား ယဉ်ကျေးမှုအပေါ် အခြေခံထား လို့ ဒီလိုမျိုးအောင်မြင်မှုမျိုး ရရှိတာဖြစ်ပါတယ်’’ဟု အမေရိကန် အိုလံပစ်ကောင်စီ (USOC)အကြီးအကဲ စကော့ဘလက်မန်း က ပြောကြားသည်။

ရွှေတံဆိပ်ဆုပေါင်း ၁,၀၀၀ တွင် ပြေးခုန်ပစ်အားကစားမှ ၃၂၃ ခုနှင့် ရေကူးမှ ၂၄၆ ခု ရွှေ တံဆိပ်များ ရယူခဲ့ပြီး စုစုပေါင်း၏ ထက်ဝက်ကျော်ရှိသည်။

ရွှေတံဆိပ် ၉၉၇ ခုရရှိထားသော အမေရိကန်အသင်းသည် ရီယိုအိုလံပစ်ပွဲတော်သို့ ရောက်ရှိလာခဲ့ပြီး အခြား ကစားသမားများက ၁,၀၀၀ မြောက် ရွှေတံဆိပ် ရယူရန် အခွင့်အရေးများလက် လွတ်ခဲ့ရပြီးနောက် ရေကူးအဖွဲ့ ထံသို့ အခွင့်အရေးရောက်လာခြင်းဖြစ်သည်။

ခေတ်သစ်အိုလံပစ်ပြိုင်ပွဲတွင် အအောင်မြင်ဆုံးနှင့် ရွှေတံဆိပ်ဆုအများဆုံး ရယူထားသော ကစားသမားသည်လည်း အမေရိကန်ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ်ဖြစ်ပြီး ယခုအချိန်ထိ ရွှေတံဆိပ်ဆု ၂၃ ခုရရှိထားသည်။

—Ref:Reuters


Leave a Reply