အောင်လံမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်း၊ အထက ကျောင်းခွဲနှင့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေအိတ်များ လှူဒါန်းခြင်း

 

အောင်​လံမြို့နယ်​ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ၏ လစဉ်​ပုံမှန်​ အစည်းအ​ဝေးကို ၂-၆-၂၀၁၉ ​နေ့ နံနက်​ (၁၀) နာရီတွင် ​ပါတီရုံး ခန်းမ၌ ကျင်​ပခဲ့ရာ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်အောင်​ချစ်​ တိုင်း​ကော်​မတီဝင်​ ဦးတင်​ဝင်း မြို့နယ်​ပါတီဥက္ကဌ ဦးစန်းလွင်​ အတွင်း​ရေးမှူး ဦးခင်​​ဆွေနှင့် မြို့နယ်​​ကော်​မတီဝင်​များ လူငယ်​နှင့်​အမျိုးသမီးရေးရာ အဖွဲ့များ​ ရွှေပန်း​တော အ​ခြေစိုက်​ ထူး​ပေါက်​​ကျေးရွာမှ ရပ်မိရပ်​ဖများ တက်​​ရောက်​ကြ ပါသည်​။

အစည်းအ​ဝေးတွင်​ မြို့နယ်​ပါတီဥက္ကဌ ဦးစန်းလွင်​မှ အဖွင့်​အမှာစကား​ ပြောကြားပြီး ဗဟိုအတွင်း​ရေးမှူး ဦးတင်အောင်​ချစ်​မှ ၂၀၂၀​ ရွေး​ကောက်​ပွဲတွင် ​မိမိတို့ပါတီ​ အောင်​နိုင်​​ရေးအတွက်​ စည်းရုံး​ဆောင်​ရွက်​ရမည့်​ အခြေအ​နေများကို ရှင်းလင်း​ပြောကြားကာ သက်​ဆိုင်​ရာ အ​ခြေစိုက်​​ ကော်​မတီဝင်​များမှ မိမိတို့်၏ နယ်​​မြေ​ဒေသ စည်းရုံး​ရေး အ​ခြေအ​နေများကို ပြန်​လည်​တင်​ပြ ကြပါသည်​။ ၎င်း​နောက်​ ထူး​ပေါက်​​ကျေးရွာ အမကခွဲ ယခုနှစ်​ပညာသင်​နှစ်​တွင်​ ဆရာဆရာမများ ဖြည့်​ဆည်းငှါးရမ်းနိုင်​​ရေးအတွက် ​ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီမှ ကူညီ​ထောက်​ပံ့ လှူဒါန်းခဲ့ရာ ကျေးရွာခွဲအုပ်​ချုပ်​​ရေးမှူး ဦးတင်​သိန်း ဆယ်​အိမ်​မှူးများ ဖြစ်​ကြ​သော ဦးအောင်တင် သန်း၊ ဦး​အောင်​သန်းလွင်​တို့မှ လက်​ခံရယူကြကာ အစည်းအ​ဝေးကိုနေ့လည်​ (၁၃းဝဝ) နာရီတွင်​ ရပ်​နားခဲ့ပါသည်​။

၎င်း​နောက်​​ နေ့လည်​ (၁၅း၀၀) နာရီတွင်​ ဗဟိုအ​တွေး​ရေးမှူး ဦးတင်​​အောင်​ချစ်​နှင့်​ အဖွဲ့သည်
အောင်​လံမြို့နယ်​​ ကျောက်​ပန်း​တောင်း  အ​ခြေစိုက်​ လက်​ပတုန်း​ကျေးရွာသို့ သွား​ရောက်​ပြီး လက်​ပတုန်း အထက (ခွဲ)​ ကျောင်းအတွက်​ စာသင်ခုံ (၃) စုံနှင့်​ စခန်းကြီး​ကျေးရွာ စခန်း အထက (ခွဲ) စာသင်​​​ကျောင်း​ဆောင်​​​ ဆောက်လုပ်​ရန်​အတွက်​ ဘိလပ်​​မြေအိတ် ​(၃၀) အိတ်​ကို ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုးပါတီမှ လှူဒါန်းခဲ့ ပါသည်​။
၎င်း​နောက်​ ည​နေ (၁၇း၀၀) နာရီတွင် ​ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​နှင့်​ အဖွဲ့သည်
အောင်​လံမြို့နယ်​ ဒုရင်္ဂဗိုလ်​အ​ခြေစိုက်​ သရက်​​တော​ကျေးရွာ ကိုယ့်​အားကိုယ်​ကိုး ကွန်​ကရစ်​လမ်း ပြုလုပ် ဆောင်ရွက်နေခြင်းအား သွား​ရောက်​အား​ပေးကာ ဘိလပ်​​မြေအိတ်​ (၄၀) အိတ်​ကိုလည်း ပြည်​​ထောင်​စုကြံခိုင် ရေးနှင့်​ဖွံဖြိုး​ရေးပတီမှ ကူညီလှူ ဒါန်းခဲ့ပါသည်​။

၎င်း​နောက်​ ည (၁၉း၀၀) နာရီတွင်​ အောင်​လံမြို့နယ်​ ပြလို့အ​ခြေစိုက်​​ ကျောက်ဆည်​​ကျေးရွာသို့​ ရောက်​ရှိပြီး​မေလအတွင်းက လေ​ဘေးသင့်​ပျက်​ဆီးခဲ့​သော ဘုန်း​တော်​ကြီး​ကျောင်း ဆရာ​တော်​၊ နေအိမ်​များ ပျက်ဆီးခဲ့​သော
ရွာသူရွာသားမိသားစုများနှင့်​​ တွေ့စုံကာ အား​ပေးစကား​ပြောကြားပြီး ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီမှ အလှူ​ ငွေများ​ ပေးအပ်​လှူဒါန်း ခဲ့ပါသည်​။