ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို တက်ရောက်၍ ဆုများချီးမြှင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၃-၁-၂၀၂၃ ရက်နေ့ နံနက် ၀၈၀၀ အချိန်တွင် ပါတီဌာနချုပ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။ အစီအစဉ် အရ ဗိုလ်လုပ်ပွဲ ယှဉ်ပြိုင်ကစားကြသည့် ဌာနမှူးနှင့် ဒုတိယဌာနမှူးများ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လွန်ဆွဲ(ကျား၊မ)ပြိုင်ပွဲများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ကြသည့် ပြေးပွဲပြိုင်ပွဲ ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထိုနောက် ယှဉ်ပြိုင်ကစားကြသည့် အားကစားအသင်းများအားလုံး ကွင်းအတွင်းနေရာယူ၍ ဆုပေးပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌမှ ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုရရှိသော အသင်းများကိုလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆုများကို ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆု၊ ဒုတိယဆုများကို ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ လွန်ဆွဲပြိုင်ပွဲ(ကျား) ပထမ၊ ဒုတိယဆုများကို ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ စစ်တုရင်ပြိုင်ပွဲ ပထမ၊ ဒုတိယဆုများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ လွန်ဆွဲပြိုင်ပွဲ(မ) ပထမ၊ ဒုတိယဆုများကို ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်တိုမှလည်းကောင်း ချီးမြှင့်ခဲ့ကြပြီး ဦးစီးရုံအဖွဲဝင်များနှင့် မိသားစုဝင်များ၏ ပြေးပွဲပြိုင်ပွဲများမှ ပထမ၊ ဒုတိယဆုများကိုလည်း တက်ရောက်လာကြသော ဗဟိုအတွင်းရေး မှူးများ၊ ဗဟိုအလုပ်အမှုဆောင်များမှ အသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဦးစီးရုံး အဖွဲဝင်များနှင့် မိသားစုဝင်များ၊ တိမ်းရှောင်မိသားစုများ တက်ရောက်ခဲ့ကြပါသည်။

#USDP #Myanmar

#NayPyayTaw