တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအား အင်းစိန်ခရိုင်တွင် ကျင်းပ

အောက်တိုဘာ ၂၇၊ ရန်ကုန်

တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲအား ယနေ့၃နာရီ အချိန်တွင် ကျင်းပ၍ ဗဟိုအရံကော်မတီဝင် အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ဥက္ကဌ ဦးကြည်စိုး၊  အင်းစိန်မြို့နယ် ဥက္ကဌ ဦးသူရိန်လင်းတို့ တက်ရောက်ကြပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ကာ ကျဆုံးသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ပါတီဝင်မိသားစုများ၊တပ်မတော်သားများ ပြည်သူ့ဝန်ထမ်းများ၊ ရဟန်းရှင် လူပြည်သူများအား ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် (၁)မိနစ်ငြိမ်သက်ကြ ပါသည်။

ထို့နောက် လှိုင်သာယာမြို့နယ်ဥက္ကဌ ဦးကြည်စိုးမှ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား တင်ပြဆွေးနွေးပြီး အင်းစိန်မြို့နယ်ပါတီဥက္ကဌဦးသူရိန်လင်း မှ လည်း အင်းစိန်မြို့နယ်နှင့် ပတ်သက်သည့်အကြောင်းအရာများ တင်ပြဆွေးနွေးပါသည်။

ဆက်လက်ပြီး ဗဟိုအရန်ကော်မတီဝင် အင်းစိန်ခရိုင် ဥက္ကဌ ဦးမင်းသူထွန်းမှ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဗဟို ဥက္ကဌကြီး ဦးခင်ရီ၏ လမ်းညွှန်ချက်ဖြစ်သော ရွေးကောက်ပွဲအောင်နိုင်ရေး MAPPING ရေးဆွဲရန် ရှင်းလင်းခြင်း၊ တိုင်းဒေသကြီး ပါတီဥက္ကဌကြီး ဦးခင်မောင်စိုး၏ ညွှန်ကြားချက်များအားရှင်းလင်းခြင်း နှင့် PR စနစ်အား ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ပါတီဝင် (၇၂)ဦးအား ဗဟိုအရန်ကော်မတီဝင် အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်းနှင့် လှိုင်သာယာမြို့နယ်​ဥက္ကဌများ မှ   ထောက်ပံ့ကြေးငွေများ ပေးအပ်၍ အခမ်းအနားကို  ညနေ(၄)နာရီ (၃၀)မိနစ် အချိန်တွင် ကြွေးကြော်သံများ ကြွေးကြော်ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။