ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကျုံပျော်မြို့နယ် ရေစခန်း တိုက်နယ် ဘောဇုတ်ကျေးရွာအုပ်စု ကြာမန်းကျေးရွာနှင့် ဆင်ကောင်း ကျေးရွာအုပ်စု ကြာမန်းရွာများ၏ ဒေသခံပြည်သူများမှ ပြည်ခိုင်ဖြိုး ပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့နံနက် ၉ နာရီက စုပေါင်း ပေးအပ်ကြသည်။

အခမ်းအနားတွင် ဘောဇုတ် ကျေးရွာအုပ်စု ကြာမန်းကျေးရွာ၏ ပါတီဝင်ခွင့်ရှိသူ ၁၄၉ဦး ရှိသည့် အနက်ယခင်ပါတီဝင်ပြီးသူ ၃၅ဦး၊ ယခုပါတီဝင်အဆိုပြုလွှာ ပေးအပ်သူ ၁ဝ၈ဦး ဖြစ်သည့်အတွက်    စုစု ပေါင်း၁၄၃ဦးဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ၉၇ဒသမ၁၄၊ဆင်ကောင်း ကျေးရွာအုပ်စု ကြာမန်းကျေးရွာ၏ ပါတီဝင်ခွင့်ရှိသူ၆၁ဦးရှိသည့်အနက် ၆၁ဦးတို့က ပါတီဝင်ခွင့် အဆိုပြု လွှာများ ပေးအပ်ကြ သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်ကြောင်းနှင့် နှစ်ရွာပေါင်းပါတီဝင်ခွင့်ရှိသူ ၂၁ဝ အနက်ပါတီဝင်ခွင့်အဆိုပြုသူ၂ဝ၄ဦး ဖြစ်သည့်အတွက် ရာခိုင်နှုန်းအား ဖြင့် ၉၇ဒသမ၁၄ဖြစ်ကြောင်း သိရသည်။   အခမ်းအနားအပြီးတွင် ပါတီတာဝန်ရှိသူများမှ ပါတီဝင် အသစ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးအပ်ခဲ့သည်။

သန်းနိုင်ဦး