


==========

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)ရှိ ကံဦးကျောင်းတိုက်တွင် ဥပ္ပါတသန္တသုတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ဆွမ်းဆန်စိမ်း လောင်းလှုပွဲသို ပြင်ဦးလွင်ခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ကြည်ညို လှူဒါန်း

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို၊ရပ်ကွက်ကြီး(၂)ရှိ ကံဦးကျောင်းတိုက်၌ အသံမစဲ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ဆွမ်းဆန်စိမ်း လောင်းလှုပွဲသို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦး၊အတွင်းရေးမှုး ဒေါ်စံပယ်ဝင်းနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်၊အတွင်းရေးမှုး ဦးသိန်းဆွေနှင့်ကော်မတီဝင်များမှ တက်ရောက်ကြည်ညိုကာ ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထု၊ပစ္စည်းများ လောင်းလှူခဲ့ပြီး လုပ်အားဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ပါသည်။