ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကနီ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန်၊ အတွင်း ရေးမှူးဦးမြင့်စိုး၊ခရိုင်ပါတီကော်မတီဝင်များ၊ လေးမြို့နယ်မှ ပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ဦးစီးရုံးအဖွဲ့များတက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များဆွေး နွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အခြေ အနေများကို တင်ပြဆွေးနွေးကာ အစည်းအဝေးကိုမွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

အောင်မျိုးထွန်(ကနီလူငယ်)