ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြို့ပင်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာနေ ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးထိန်ဝင်းနေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဦးရီ(ဆည်မြောင်းညွှန်မှူး၊ ငြိမ်း)၊ ရပ်မိရပ်ဖ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း)